Sunday, July 19, 2009

မသိခြင်းသီအိုရီ


တချို့ဟာတွေကိုမသိတာကောင်းတာ

မိုးပြိုနေတာကိုမသိတာကောင်းတယ်
သေမဲ့နေ့ကိုကြိုမသိတာကောင်းတယ်
ဟင်းထဲအချိုမှုန့်မထည့်ဖြစ်တာကို မသိတာကောင်းတယ်
ကောင်မလေးအကြောင်းကို အကုန်မသိတာကောင်းတယ်
ဗိုက်ဆာနေတာကို မသိတာကောင်းတယ်
ကိုယ်အသံမကောင်းကြောင်းကိုယ့်ဘာသာမသိတာကောင်းတယ်
ချစ်သူနဲ့ကွဲမဲ့နေ့ကိုကြိုမသိတာကောင်းတယ်
ကောင်မလေးပုရွက်စိတ်ကိုက်ခံနေရတာကို ကိုယ်မသိတာကောင်းတယ်
ကောင်မလေး ဆံပင်အတုလားအစစ်လားကိုယ်မသိတာကောင်းတယ်
နတ်ပြည်ဘယ်နေရာရှိမှန်းမသိတာကောင်းတယ်
မသိတာကောင်းကြောင်း သဘောတူရင်
ခင်ဗျားတို့ဘာသာတွေးပြီးဆက်ရေးပေတော့။ ။။