Tuesday, September 8, 2009
၁၂
ငါ့  ပါးစပ်နဲ့ သူတို့အတွက်စားချင်နေတယ်
ငါ သူတို့အတွက် အိပ်စက်ချင်နေ တယ်
ငါ သူတို့ အတွက် သီချင်းနားထောင်နေချင်တယ်။
ရှေ့ ရောက်သွားတဲ့ရေလှိုင်းကို (မမှီမကမ်းနဲ)့
ငါလွမ်းနေမလား
အသစ် အသစ်သော အာရုံတွေမှာ
ငါလည်းမင်းအတွက်(တချိန်တုန်းက) အသစ်ပဲ
ငါကျန်းမာလာမှာကို သူတို့မနာလိုကြဘူး
သူတို့ ပေါ့ ( သူတို့ ဆိုပေမဲ့)
ငါမမြင်ရတဲ့က သူတို့ က
ငါ့မြင်းကို မရပ်တမ်း မနားတမ်း
စီးနှင် နေကြတယ်။။
ငါတလောကလုံးအတွက် (အသက်ရှုနိုင်တဲ့နေ့)
ငါ့မြင်း ငါ့ဆီပြန်ရောက်လာမှာပါ။ ။
၁၄
သင်ဖုံးမဆက်လာသည့် အခါ
ငါလွမ်းမိသည်
ဖုံးဖုံးဖွက်ဖွက်မရှိသော ငါ့အချစ်များသည်
ငါ့ချွေးစက်များကဲ့သို့ ငါ့အားရုပ်ပျက်စေသည်
ငါတောင်းတိုင်းမရသော အခါ
ငါသည် လကိုဖွက်ထားမိသည်
ငါတောင်းဆိုသောအချစ်သည်လည်းကောင်း
ငါနားမလည်သောမင်းအပြုအမူသည်လည်းကောင်း
မဝေးသောနေ့များမှာကျန်ခဲ့ပေပြီ။
ငါကံကောင်းပါသည်ငါမနေတတ်သောနေ့များသည်
တံခါးတစ်ချပ်ဖွင့်သံနှင့်အတူတိမ်ပေါ်မှလျှောကျခဲ့ပေပြီ
ဝင်လေထွက်လေ ကမဌါန်းမှတ်ရင်း
လမင်းဆီစာရေးရပေဦးလိမ့်မည်။
Sunday, July 19, 2009
မသိခြင်းသီအိုရီ

တချို့ဟာတွေကိုမသိတာကောင်းတာ
မိုးပြိုနေတာကိုမသိတာကောင်းတယ်
သေမဲ့နေ့ကိုကြိုမသိတာကောင်းတယ်
ဟင်းထဲအချိုမှုန့်မထည့်ဖြစ်တာကို မသိတာကောင်းတယ်
ကောင်မလေးအကြောင်းကို အကုန်မသိတာကောင်းတယ်
ဗိုက်ဆာနေတာကို မသိတာကောင်းတယ်
ကိုယ်အသံမကောင်းကြောင်းကိုယ့်ဘာသာမသိတာကောင်းတယ်
ချစ်သူနဲ့ကွဲမဲ့နေ့ကိုကြိုမသိတာကောင်းတယ်
ကောင်မလေးပုရွက်စိတ်ကိုက်ခံနေရတာကို ကိုယ်မသိတာကောင်းတယ်
ကောင်မလေး ဆံပင်အတုလားအစစ်လားကိုယ်မသိတာကောင်းတယ်
နတ်ပြည်ဘယ်နေရာရှိမှန်းမသိတာကောင်းတယ်
မသိတာကောင်းကြောင်း သဘောတူရင်
ခင်ဗျားတို့ဘာသာတွေးပြီးဆက်ရေးပေတော့။ ။။
Wednesday, March 4, 2009
ဖေဖ၀ါရီတစ်ဆယ့်ငါး

အချစ်ကဗိုက်ကိုဆာစေတယ်
တယ်လီဖုံးကလိုင်းမကြည်ဘူး
ဘ၀ကမပီပြင်ဘူး
ချစ်သူရယ်တဲ့အခါ
ကိုယ့်နေရာလေးလှုပ်ခတ်သွားတယ်
ကိုယ့်အကြောင်းသူမေးတဲ့အခါ
ရှက်ရွံစွာဖြေခဲ့ရတယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သြော် ဒါပဲလေ
နောက်တစ်နေ့ဆက်ရေးရအုန်းမယ်။။ ။
မိုးတစ်စက်
သန်မာ တို့း ထွက် မျိုးဆက်
တော်လှန် ရှေ့ဆက် အမျိုး အတွက်
ရှင်သန်ဘို့ အတွက် မို့းတစ် စက်
ကြာခဲ့ပြီဖြစ်တဲ့ ကဗျာလေး ကိုပြန်လည် တင်ဆက်လိုက်ပါတယ်။။ ။။
တော်လှန် ရှေ့ဆက် အမျိုး အတွက်
ရှင်သန်ဘို့ အတွက် မို့းတစ် စက်
ကြာခဲ့ပြီဖြစ်တဲ့ ကဗျာလေး ကိုပြန်လည် တင်ဆက်လိုက်ပါတယ်။။ ။။
Subscribe to:
Comments (Atom)

