Tuesday, September 8, 2009

၁၂


ငါ့  ပါးစပ်နဲ့ သူတို့အတွက်စားချင်နေတယ်
ငါ သူတို့အတွက် အိပ်စက်ချင်နေ တယ်
ငါ  သူတို့ အတွက် သီချင်းနားထောင်နေချင်တယ်။

ရှေ့ ရောက်သွားတဲ့ရေလှိုင်းကို (မမှီမကမ်းနဲ)့
ငါလွမ်းနေမလား
အသစ် အသစ်သော အာရုံတွေမှာ
ငါလည်းမင်းအတွက်(တချိန်တုန်းက) အသစ်ပဲ

ငါကျန်းမာလာမှာကို သူတို့မနာလိုကြဘူး
သူတို့ ပေါ့ ( သူတို့ ဆိုပေမဲ့)
ငါမမြင်ရတဲ့က သူတို့ က
ငါ့မြင်းကို မရပ်တမ်း မနားတမ်း
စီးနှင် နေကြတယ်။။

ငါတလောကလုံးအတွက် (အသက်ရှုနိုင်တဲ့နေ့)
ငါ့မြင်း ငါ့ဆီပြန်ရောက်လာမှာပါ။ ။

No comments: