သင်ဖုံးမဆက်လာသည့် အခါ
ငါလွမ်းမိသည်
ဖုံးဖုံးဖွက်ဖွက်မရှိသော ငါ့အချစ်များသည်
ငါ့ချွေးစက်များကဲ့သို့ ငါ့အားရုပ်ပျက်စေသည်
ငါတောင်းတိုင်းမရသော အခါ
ငါသည် လကိုဖွက်ထားမိသည်
ငါတောင်းဆိုသောအချစ်သည်လည်းကောင်း
ငါနားမလည်သောမင်းအပြုအမူသည်လည်းကောင်း
မဝေးသောနေ့များမှာကျန်ခဲ့ပေပြီ။
ငါကံကောင်းပါသည်ငါမနေတတ်သောနေ့များသည်
တံခါးတစ်ချပ်ဖွင့်သံနှင့်အတူတိမ်ပေါ်မှလျှောကျခဲ့ပေပြီ
ဝင်လေထွက်လေ ကမဌါန်းမှတ်ရင်း
လမင်းဆီစာရေးရပေဦးလိမ့်မည်။

No comments:
Post a Comment