Thursday, October 21, 2010

အသက်လုပွဲ

သားကောင်နောက် ကျားလိုက်တာဟာ
သားကောင်အတွက် အသက်လုပွဲဖြစ်သလို
ကျားအတွက်လည်း အသက်လုပွဲပဲ။  ။

ငါ့ခြံထောင့် တမာပင်အောက်က ငါ့ပျိုးပင်လေး
နေရောင်မရလို့ အရွက်လေးတွေဝါလာပြီ။  ။

Thursday, July 29, 2010

ကျား နွားပုံပြင်


မင်းကမြာက်ဘက်က ကျား
ငါကတောင်ဘက်က နွား
မြောင်းနားမှာ လောင်းကစားမယ်ဆိုလို့ 
တို့စောင့်နေတယ်။ ။။

Saturday, July 24, 2010

စိတ်ဝိဥာဉ်ရဲ့အလင်း

နူးညံ့သောတေးသွားမှာ သူနစ်မျောနေသည်။ဘ၀နှင့်တူသည်ဟု သူ့ဘာသာသတ်မှတ်ထားသောတေးသွား
တွင်သူနှစ်မျောနေသည်။၈ီတကပြောသောဘာသာစကားကိုသူနားစွင့်နေသည်။
၈ီတမှာဘာသာစကားရှိတယ် စကားလုံးတွေနဲ့ဆိုပြမှ ၈ီတကိုနားလည်တာမဟုတ်ဘူးဆိုတော့ သူအစွန်းရောက်သည်ဟုထင်ကြသည်။
၈ီတရဲ့အစပိုင်းတေးသံကနူးညံ့နေသည်။ဒါကဘ၀ရဲ့နူးညံ့သိမ်မွေ့တဲ့အပိုင်းဟုသူက စောင်ခြုံထဲမှသတ်မှတ်
နေသည်။လွမ်းဆွတ်ဖွယ်ကြည်နူးဖွယ်။ ချစ်ခဲ့ကြ တွေ့ခဲ့ကြတာတွေကိုဖေါ်ကျူးနေသလို။
ရုပ်တရက်၈ီတက တဖြည်ဖြည်းတင်းမာခက်ထန်လာသည်။ သံစုံမြည်ဟီးလာသည်။ရှုံးနိမ့်မှုတွေအနိုင်မခံမှုတွေ ပြန်လည်ရုန်းထမှုတွေကိုဖေါ်ကျူးနေပြန်ပြီဟု သူမှတ်ချက်ပေးပြန်သည်။သူတုန်ခါလာသည်။စောင်ခြုံပြီးကွေးကွေးလေးအိပ်နေရင်းသူတုန်ခါနေသည်။
သူ့စိတ်ဝိဥာဉ်နဲ့၈ီတတေးသံတိုက်ရိုက်ထိတွေ့နေပြီဟုသူသိနေသည်။
မှောင်မိုက်နေသောစိတ်တံခါးတဖြည်းဖြည်းပွင့်ဟလာသည်။
သူပြုံးလာသည်။စိတ်ဝိဥာဉ်ရဲ့အလင်းကိုသူငတ်မွတ်တောင့်တနေသည်။
ဘာမှမမြင်ရလောက်အောင်မဲမှောင်နေသောဘ၀မှန်းသူသိနေသည်ကတော့ကြာပြီ။
စိတ်ဝိဥာဉ်ရဲ့အလင်းရောင်။ ဟုတ်တယ်။စိတ်ဝိဥာဉ်ရဲ့အလင်းရောင်။
တစ်ဘ၀လုံးတောင်းတခဲ့တာဘာလည်ဆိုတာသူကောင်းစွာသိသွားပြီ။
ခနတာအနေဖြင့်ဖြစ်စေ အခိုက်အတန့်အားဖြင့်တော့ သူ့စိတ်ဝိဥာဉ်ထွန်းလင်းနေပေပြီ။

Sunday, June 13, 2010

ကြားအရောင်တွေနဲ့လူ

တွေေ၀၀ါးတတ်သူလို့တချို့တွေထင်တတ်ကြပေမဲ့ သူတွေဝေမှုန်ဝါးသူမဟုတ်ပါ။ဘက်တစ်ဘက်ထဲမှာရပ်မှ
တော်တည့်တည့်မှန်သည်လို့ ယူဆကြသူတွေကြားထဲမှာသူဟာအားမရစရာလူတစ်ယောက်ဖြစ်နေခဲ့ပါသည်။
အမှန်တရားဆိုတာတစ်ဖက်ထဲမှာရှိနေတာမဟုတ်လို့ သူပြောတော့သူဟာလူထူးဖြစ်နေသည်။
နှစ်ဘက်လုံးမှန်နေတယ်ဆိုရင် တရားရုံးတွေဘယ်လို ဆုံးဖြတ်မှာလည်းလို့ စားပွဲတဖက်ခြမ်းကလူက သူ့ကို
စောဒကတက်သည်။ အမှန်တရားဆိုတာရှု့ထောင့်တွေအများကြီးရှိပါတယ်ဗျာ။တရားရုံးဆိုတော့
လူအများလက်ခံထားတဲ့အရာအတိုင်းဆုံးဖြတ်မှာပေါ့။အများကအပြစ်ရှိတယ်လို့ဆုံးဖြတ်ထားတဲ့အရာအတိုင်း
နာခံရမှာပေါ့။ဒါပေမဲ့ ခင်ဗျားသိထားဘို့က များစုရဲ့သဘောထားဆိုတာကလည်းအချိန်ကာလနဲ့အတူပြောင်း
လည်းနေတာကိုပဲ။
ဟိုလူဘာမှပြန်မပြော။ နှစ်ယောက်သားငြိမ်သက်နေသည်။သူလည်းနောက်တစ်ခွက်ထပ်ထည့်ရန်အရက်ပု
လင်းဆီလက်လှမ်းလိုက်သည်။တကယ်တော့ဗျာလောကကြီးမှာတရားမျှတမှုတောင်းဆိုနေကတည်း
ကခင်ဗျားရှူးသွပ်တာပဲ။တကယ်တော့အရာရာတိုင်းဟာပေါ်ကအချိုရည်လောင်းထားတဲ့(sugar coated)
တွေပါပဲဗျာ။တရားမျှတမှုဟာဘယ်မှာမှရှိပါဘူး။
သူအရက်ကိုဖိသောက်နေရင်းစကားဆက်မိသည်။ခင်ဗျား ကျနော်ပြောမယ်နောက်နှစ်ငါးဆယ်မှာ
နူကလီးယားပိုင်တဲ့နိုင်ငံတွေမှိုလိုပေါက်လာပြီး နောက်နှစ်တစ်ရာမှာတစ်နိုင်ငံနဲ့တစ်နိုင်ငံဒုံးပျံစစ်ပွဲတွေ
ဖြစ်ကြမှာဗျ။
လူတွေကတိုးလာမယ်ကုန်တွေကတိုးမလားဘူး။ခုတောင်ရေချိုမလောက်တော့ဘူး။ငတ်လာရင်လူ့သဘာဝလုမယ်ယက်မယ် နိုင်ငံတွေစစ်ဖြစ်မယ်။
သူတို့အရက်ကုန်သွားသည့်အတွက်အရက်ဆိုင်ကိုချီတက်ရန် နှစ်ယောက်စလုံးထလိုက်ကြသည်။
သူတို့မညှိပဲ ညီညွတ်မှု ပထမဆုံးအကြိမ်ဖြစ်သည်။





Sunday, May 16, 2010

အတွင်းအောင်ခြင်း


တလောကသူငယ်ချင်းတစ်ယောက်အိမ်သွားလည်ဖြစ်တယ်။ဘ၀မှာရည်မှန်းချက်တွေနဲ့လက်တွေ့ဘ၀ကွာ
ခြားနေတာကိုအားမရဖြစ်ပြီးစိတ်ကျနေတယ်။သူဘာလိုနေတယ်ဆိုတာကို ကိုယ်ကသိတယ်။(လူတကာလို
ကိုယ့်မျက်ချေးကိုယ်မမြင်) ဆိုသလိုပဲ သူဘာလိုနေတယ်ဆိုတာကို ကိုယ်ကသိတယ် ။ဒါပေမဲ့အားနာပြီး
သူ့ကိုမပြောဖြစ်ခဲ့ဘူး။အမှန်ကလက်တွေ့သေးသေးလေးတွေကမစပဲ( မစနိုင်ပဲဖြစ်ချင်ဖြစ်မယ်) အိပ်မက်
တွေကသိပ်ကြီးနေတယ်။အဲဒါတွေသူကိုဖိစီးနေတယ်။ဘ၀မှာနေမပျော်ဘူးဖြစ်နေတယ်။
နောက်တစ်ယောက်ကဦးလေးအရွယ်ဘကြီးအရွယ်ပါ။ အရင်တုန်းကအိမ်လာလည်ရင်သူများပြောခွင့်မရ
အောင်စကားများပြီးရောက်တက်ရာရာပြောတတ်သူပါ။သူကတကယ့်ပညာတတ်ဆိုတော့သူပြောတဲ့စကားတွေ
ထဲမှာပညာရတာတွေအများကြီးပါ။ဒါပေမဲ့ဘာတွေပြောနေမှန်းမသိတာတွေလည်းပါပါတယ်။တစ်နေ့လုံးနား
ထောင်မယ်ဆိုတစ်နေ့လုံးပြောမယ့်လူစားမျိုး။
နောက်ဆုံးအခေါက်အိမ်လာတော့ တော်တော်ပြောင်းလဲသွားတယ်။စကားပြောတော့ပြောတယ် အရင်လို
ရောက်တတ်ရာရာအများကြီးမပြောတော့ဘူး။ရုပ်ရည်ကလည်တော်တော်ကြည်သွားတယ်။
မေးစမ်းကြည့်တော့တရားစခန်းနှစ်ခေါက်ဝင်ထားတယ်ဆိုပဲ။သူကအိမ်မှာတစ်ယောက်တည်းနေတော့
အိမ်မှာလည်းတစ်နေ့တစ်နာရီထိုင်တယ်ဆိုပဲ။အဘိုးကြီးတော်တော်ထူးခြားလာတာကတော့ကျိန်းသေတယ်။
နောက်တစ်ခုက ကိုယ့်အကြောင်း။ မညာပါဘူး။ကိုယ့်ဘ၀လေးမှာလည်းထိရှချက်တွေ။ အထီးကျန်မှုတွေများလွန်းတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိပါတယ်။အဘိုးကြီးကိုကြည့်ပြီးသဘောကျပြီး
ကိုယ်တိုင်စမ်းလုပ်ကြည့်ဘို့ဆုံးဖြတ်လိုက်တယ်။ဘာမှမခက်ပါဘူး။ တစ်ခန်းလုံးမီးမှိတ်။စောင်လေးခင်းပြီး
ဝင်လေထွက်လေမှတ်တာပါပဲ။နာရီဝက်အကြာမှာခြေထောက်ကမခံနိုင်လောက်အောင်ထုံကြဉ်လာလို့
ဖြုတ်လိုက်တယ်။မနက်စောစောနာရီဝက်လောက်ပြန်ထိုင်တယ်။နှစ်ရက်လောက်ထိုင်အပြီးမှာသိသိသာသာ
အေးချမ်းလာတာကိုသတိပြုမိတယ်။ဘ၀မှာနေရတာပီပြင်လာသလိုခံစားမိတယ်။
နားလည်သွားတာကလူတစ်ယောက်ဟာဘာသာရေးအတွက်မဟုတ်တောင်မှစိတ်ဖိစီးမှုပြေပြောက်ရေး
အတွက်တရားထိုင်သင့်ကြောင်းပဲ။သွေးလှည့်ပတ်မှုတွေကောင်းလာတာကိုယ့်ဘာသာသိတယ်။
 သူငယ်ချင်းအချို့ကိုဒီအကြောင်းပြောပြတော့သူတို့စိတ်မ၀င်စားကြဘူး။တချို့ကလူဆန်ဆန်ပဲနေမယ်
ပြောတယ်။ဘာတတ်နိုင်မလည်းလူဆိုတာ ကိုယ်ဖော်တဲ့ဆေးကိုယ်ပဲအဓိကစားနေရတာမဟုတ်လား။

Friday, April 23, 2010

နှေးကွေးခြင်းအနုပညာ

နေရာတော်တော်များများမှာနှေးကွေးခြင်းကမြန်ဆန်ခြင်းထက်ပိုကောင်းကြောင်း(ပိုမိုစိတ်ချရကြောင်း)
သိလာခဲ့ပါတယ်။တရှိန်ထိုးတက်တာဟာတရှိန်ထိုးလည်းကျဆင်းနိုင်ဘို့ပိုမိုနီးစပ်ပါတယ်။
(ဟမ်းဟမ်း )အသက်ရလားလို့လားတော့မသိဘူး ပုံမှန်သွားမှခရီးရောက်ပုံကိုလက်ခံလာတယ်။
ပင်လည်းမပင်ပန်းဘူးခရီးလည်းရောက်တယ်။မကောင်းဘူးလား။Build up ဖြစ်ခြင်းသဘောတရား
(တဖြည်းဖြည်းနဲ့စုပုံများလာခြင်းသဘောတရား) က သိပ်ကိုသိသာပါတယ်။ကောင်းတာမှာရော။မကောင်းတာ
မှာပါ ဒီသဘောတရားကစိုးမိုးနေပါတယ်။တရုပ်ရှေးဟောင်းစကားပုံလို ဖြေးဖြေသွားပါ ရပ်မသွားဘို့တော့လို
ပါသည်။လိုရာရောက်ပါမည်။ဆိုသလိုပဲ။
ရည်စားထားတာကအစဖြည်းဖြည်းသွားတာအကောင်းဆုံးပဲ။တစ်ယောက်နဲ့တစ်ယောက်ပိုမိုစည်းချက်
မိလာတဲ့သဘောရှိတယ်(ကြာလာတာနဲ့အမျှ)။
နည်းပညာခောတ်။ သတင်းခောတ်ကြီးမှာ အချိန်နဲ့တပြေးညီလုပ်နေရတဲ့သဘောရှိတယ်။ဘာညာပြော
ချင်ပြောကြမယ်။မငြင်းပါဘူး။အရာတိုင်းမှာခြွင်းချက်ရှိတယ်ဆိုတာလက်ခံပြီးသား။
စပြောကတည်းကိုက နေရာတော်တော်များများမှာလို့ပြောထားတာ။နေရာတိုင်းမှာလို့မပြောဘူး။
ကြည့်လိုက်ပါဗျာ ပင်လယ်လောက်ရှိတဲ့ရေကန်ကြီးတွေရဲ့အသေးဆုံးယူနစ်လေးတွေက မိုးရေစက်လေး
တွေပဲဆိုတာ ကျနော်တို့ဘာကြောင့်မတွေးဖြစ်ရတလည်း။(အနည်းဆုံးကျနော်မတွေးဖြစ်ပါ)

နေ့စဉ်စားသောက်နေထိုင်နည်း

နေ့စဉ်မနက်ခြောက်နာရီမှ ခွန်နှစ် နာရီအကြားအိပ်ယာထပါ။ကိုယ်လက်သန့်ရှင်းပြီးသည်နှင့် မနက်စာ
စားဖြစ်အောင်စားပါ။ အလွန်အကြူးမစားရပါ။ဗိုက်ပြည့်ရုံမျှသာဖြစ်ရပါမည်။ သင့်တော်သော်အစားအစာ
မှာပေါင်မုန့်နှစ်ချပ်မီးကင်နှင့်နို့တစ်ခွက်( သို့မဟုတ်) အလားတူအစားအစာမျိုးသာဖြစ်သင့်ပါသည်။
ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်စားခြင်းမျိုးရှောင်ကျဉ်ပါ။အသီးအနှံလည်းစားသုံးနိုင်ပါသည်။
နေ့လည်တစ်နာရီထက်နောက်မကျစေပဲနေ့လည်စာ စားသုံးရပါမည်။အစားအစာများမှာ
အသား။ ငါး။ အသီးအရွက်မျှတအောင်စားသုံးရပါမည်။ဗိုက်ပြည့်ကားနေအောင်မည်သည့်
အခါမှမစားသုံးရပါ။သာမာန်သူတစ်ယောက်သီတင်းတစ်ပတ်လျှင်အသားနှစ်ကြိမ် သုံးကြိမ်
မျှစားသုံးလျှင်လုံလောက်ပါသည်။ညနေပိုင်းကိုယ်လက်လှုပ်ရှားမှုအနည်းဆုံးနာရီဝက်ပြုလုပ်
သင့်ပါသည်။ချွေးစို့လာလျှင်လုံလောက်ပါသည်။ညစာသည်အရေးကြီးသော အနပ်ဖြစ်ပါသည်
အဟာရပြည်ဘို့လိုအပ်သလို အလွန်အကြူလည်းမဖြစ်စေရပါ။တတ်နိုင်လျှင်Slow cooker ဖြင့်
ပြုတ်ထားသော နူးအိနေသောဆန်ပြုတ်(သို့မဟုတ်) အသားအနည်းငယ်နှင့် အသီးအနှံရောပြုတ်များ
သင့်တော်ပါသည်။အရက် ဆေးလိပ်လုံးဝမသောက်သုံးရပါ။ လိင်မှုရေးရားများတစ်ပတ်နှစ်ကြိမ်ထက်
မပိုရပါ။ကြိုက်နှစ်သက်ရာတေး၈ီတနေ့စဉ်နားထောင်ပါ။ရင်းနှီးသူများနှင့်အတင်းပြောပါ။
အတင်းပြောခြင်းသည်စိတ်ပိုင်းဆိုင်ရာထွက်ပေါက်ဖြစ်ကြောင်းစိတ်ပညာရှင်များလက်ခံထားကြသည်။
(သို့သော်အလွန်အကျူးသူတစ်ပါထိခိုက်နှစ်နာအောင်မပြောသင့်ပါ။ သတင်းအဆင့်ဆိုလုံလောက်ပါသည်)
မိမိအသက်မွေးဝမ်းကြောင်းအလုပ်အပြင်အခြား ၀ါသနာအလုပ်တစ်ခုလည်းရှိသင့်ပါသည်။
ဥပမာ ပန်းချီဆွဲခြင်း။ ဘောလုံးကန်ခြင်း။ ငါးမျှားခြင်း အစရှိသဖြင့်ဖြစ်ပါသည်။
ထိုအလုပ်များကိုသီတင်းတစ်ပတ်လျှင်တစ်ခါ သို့မဟုတ် ညနေပိုင်းအားလပ်ချိန်များမှာပြုလုပ်သင့်ပါသည်။
မကောင်းသောအာရုံခံစားမှုများကိုမတွေးရပါ။မကြည့်ရပါ။နားမထောင်ရပါ။
စိတ်သည်ငြိတွယ်တတ်သောကြောင့်ထိုမကောင်းသောအရုံများတွင်ငြိတွယ်သွားပါက စိတ်အင်အား
ကျဆင်းတတ်ပါသည်။ရည်ရွယ်ချက်တစ်ခုထားရှိပါ။ထိုရည်ရွယ်ချက်ကိုနေ့စဉ်သွားနေသည်ဟု
မိမိကိုယ်ကိုယ်တွန်းအားပေးပါ။ညကိုးနာရီထက်နောက်မကျစေပဲအိပ်ယာဝင်ပါ(သို့မဟုတ်)
သက်သက်သာသာနေပါ။ညကိုနာရီကျော်လျှင် စိတ်ရော လူပါအနားပေးသင့်သည်။
ဘာသာရေးဝတ်ပြုဆုတောင်းပြီအိပ်ရာဝင်ပါ။သန့်ရှင်းသပ်ရပ်သောအိပ်ယာတွင်အိပ်စက်ပါ။
အပူအအေးမျှတရပါမည်။သိပ်မပူလွန်း သိပ်မအေးလွန်းရပါ။ စိတ်ကိုလျှော့ချအိပ်စက်ပါ။
နောက်တစ်နေ့လန်းဆန်းစွာနိုးထလာပါမည်။